AGED SEAFARERS HEALTH CARE COMMITTEE (ASHC)

သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ (ASHC)

How You Can Get Involved

Call (959) 5112325 to Donate Or Contact Us to get Involved

သိလိုသည်များကိုစုံစမ်းရန်

သိလိုသည်များကိုစုံစမ်းရန်နှင့် အလှူငွေထည့်ဝင်လိုခြင်းများအတွက် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
1. U Pwint Thit (Capt) – 09965112325
2. U Latt Ko Ko (C/E) – 095089498
3. U Zaw Myint (Capt) – 095060748
4. ASHC office: Office hour only
09-793796486 (0900-1600hrs)

Bank Account ဖြင့်ငွေလွှဲလိုသူများ

အလှူငွေလက်ခံသည့် ဘဏ်အကောင့်များ
KBZ Account No.
05710105700841301 ( U Pwint Thit )

KBZ Pay Account No (U Pwint Thit)
09965112325

CB Account No.
0086600500307556 ( U Zaw Myint)

AYA Account No.
20025495139 ( U Pwint Thit)

ကိုယ်တိုင်လာရောက်လှူဒါန်းလိုသူများ

Cash in hand ( ကိုယ်တိုင် လက်ရောက် လာရောက်လှူဒါန်းလိုသူများ ASHC ရုံးသို. လာရောက်လှူဒါန်း နှိုင်ပါသည်။)

သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ
လိပ်စာ၊ အမှတ် ၇၀၊ ပထမထပ်၊ ရေကျာ်လမ်းမကြီးပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

What We Do

မည်သည့် သဘောင်္သား ကြီး/ငယ် မရွေး၊ အဆင့်အတန်းမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ယုံကြည်ချက် အရောင်အဆင်းမခွဲခြားပဲ မည်သည့် Union အသင်းအဖွဲ့ဝင်ကိုမဆို ကျန်းမာရေးနှင့်ပက်သက်သော လိုအပ်ချက်ရှိလာပါက ဤလုပ်ငန်းကော်မတီအနေဖြင့် တတ်အားသမျှထောက်ပံ့ ကူညီလုပ်ငန်းကိုင်ပေးသွားပါမည်။

Our Story

MSF အဖွဲ့ချုပ်ပိုင် အဆောက်အဦးဖွင့်ပွဲတွင် သက်ကြီးသင်္ဘောသား ကျန်းမာရေးလုပ်ငန်း ငွေပဒေသာပင် ထူထောင်နိုင်ရေးအတွက် အင်ဂျင်နီယာမှူးကြီး ဦးလှခိုင်နှင့် ကပ္ပတိန် ဦးအေးထွဋ် မိသားစုတို့မှ မတည်ငွေ တစ်ဆယ့်လေးသိန်းကျပ် လှူဒါန်းခဲ့ပါသည်။
ငွေပဒေသာပင် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းရန်အတွက် ဦးပွင့်သစ်မှ ဦးဆောင်၍ ယင်းကိစ္စကို Facebook Page တွင်တင်ပြကာ ဆက်သွယ်လာသော စိတ်ပါဝင်စားသူများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး လွတ်လပ်စွာဆန္ဒခံယူ၍ (၂၀/၀၉/၂၀၂၁)ကော်မတီအား အဖွဲ့ဝင် (၇)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

စနစ်သစ်တစ်ရပ်ကို အမျှော်အမြင်ရှိသော ရေကြောင်းလောက ပုဂ္ဂိုလ်တချို့မှ  ဦးဆောင်မတည် အစပျိုးပေးခဲ့ခြင်း၊ စနစ်ဖြစ်မြောက်အောင် ဦးဆောင် ဦးရွက် စွမ်းစွမ်းတမံ အကောင်အထည်ဖော်ပေးမည့် ပရဟိတလူသားများ ပေါ်ပေါက်လာခြင်း၊ စနစ်လည်ပတ်နိုင်ရန် ငွေအား၊ စိတ်ဓာတ်ရေးရာအား တို့ဖြင့် အဓိကပံ့ပိုးပေးသည့် အဖွဲ့အစည်းကြီးများရှိခြင်း၊ ကမ္ဘာအရပ်ရပ်မှ အမြင်ကျယ် အမျှော်အမြင်ရှိသည့် လူသားများ၊ အသင်းအဖွဲ့များ၏ ပံ့ပိုးကူညီခြင်း၊ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိကြသော ညီငယ်သဘောင်္သားများ၏ သဒ္ဒါတရားထက်သန်သော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပံ့ပိုးပေးမှုများ ပေါင်းစပ်မိ၍သာ ဤ ASHC အဖွဲ့ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

Our Mission

မြန်မာသဘောင်္သားများတွင် (Social Security)စနစ်မရှိခဲ့၍ သဘောင်္သားများ အနားယူသွားသောအခါ၊ ပင်စင်လစာ၊ လုပ်သက်ဆုကြေးများ မရှိခဲ့ကြပါ။ အသက်ကြီး၍ အနားယူချိန်တွင် ဖျားနာခြင်း၊ လျော်ကြေးမရသော ဒဏ်ရာ မတော်တဆရရှိခဲ့သော်၊ အခက်အခဲပေါ်ပေါက်လာရာတွင် အကူအညီ အထူးလိုအပ်လာမည်မှာ မုချပင်ဖြစ်ပါသည်။
ASHC သည်ကျန်းမာရေးကြောင့် ဒုက္ခရောက်နေသူများကို တတ်အားသရွေ့ တဒင်္ဂ ကုစားပေးနေသောစနစ်၊ တနည်းအားဖြင့်ဆိုသော် နောင်အနာဂတ် သဘောင်္သားများအတွက် ရေရှည် အထောက်အကူပြုနိုင်သည့် ခိုင်မာသော စနစ်သစ်တခု ပေါ်ပေါက်လာစေရန်အတွက် အစပျိုးပေးသော အစပျိုးစနစ် သို့မဟုတ် အရေးပေါ်ကုထုံးတစ်ရပ်သာဖြစ်ပါသည်။
ပြိုင်တူတွန်းလျှင် အရွေ့တခုတော့ ရွေ့နိုင်ပါသည်ဟု သက်သေပြသည့် သာဓကတစ်ရပ်ပင် ဖြစ်ပါသည်။

ရမ္မာဝတီတိပိဋက စက္ခုပါလအသင်း၏ အကျိုးတော်ဆာင် ဥက္ကဌ ဦးမြင့်လှိုင်နှင့် ASHC EC များ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ရမ္မာဝတီတိပိဋက စက္ခုပါလအသင်း (၀၁.၀၁.၂၀၁၁ နေ့မှ စတင်ဖွဲ့စည်း)၏ အကျိုးတော်ဆာင် ဥက္ကဌ ဦးမြင့်လှိုင်နှင့် ASHC EC များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ဥက္ကဌ ဦးမြင့်လှိုင်မှ ASHC မှ ပံ့ပိုးနေသော မျက်စိဝေဒနာရှင်များသော်လည်းကောင်း၊ အခြားမည်သည့် မျက်စိဝေဒနာရှင်များကိုမဆို အခမဲ့ကုသပေးရန် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

 

Trident Medical Centre မှ ကျန်းမာရေးကူညီမှုအတွက် ကမ်းလှမ်းခြင်း

အကူအညီလိုအပ်နေသော သင်္ဘောသားများအား ကျန်းမာရေးအကူအညီ ထောက်ပံ့ပေးနိင်ရန်အတွက် Trident Medical Centre မှ ကမ်းလှမ်းခဲ့ပါသည်။

 

ငွေပဒေသာပင်လှူဒါန်းခြင်း

အင်ဂျင်နီယာမှူးကြီး ဦးလှခိုင်မှ ငွေပဒေသာပင်အတွက် ထပ်ဆောင်းငွေ သုံးသိန်း၊ စုစုပေါင်း တစ်ဆယ့်ငါးသိန်းပြည့်အောင် လှူဒါန်းခဲ့ပါသည်။

 

K 1,500,000 Donated

အောက်စီဂျင် နှင့် ဆက်စပ်ပစ္စည်း အပြည့်အစုံလှူဒါန်းခြင်း

ကပ္ပတိန် အောင်မြင်မိုး (၇၈)ကုသိုလ်ဖြစ် အကျိုးဆောင်အဖွဲ့မှ ASHC သို့ အောက်စီဂျင် အလုံး(၁၀၀) နှင့် ဆက်စပ်ပစ္စည်း အပြည့်အစုံလှူဒါန်းခဲ့ပါသည်။

 

Become a Volunteer Today

သက်ကြီးသင်္ဘောသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များတွင် ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ပြီး တန်ဖိုးရှိ၍ ကျယ်ပြန်သော အသိုင်းအဝန်းဖြစ်ပေါ်လာစေဖို့ ခုပဲအကောင့်ဖွင့်ပြီး စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လိုက်ပါ

 

Join Now

We’ve Raised over Kyat 38,550,000

ASHC(၂)နှစ်တာကာလအတွင်းကျန်းမာရေးကူညီမှုအတွက် (၃၆၂) ဦးကိုကူညီပေးခဲ့ပါ၏
လိုအပ်သူများကိုထပ်တိုး၍ အကြိမ်အားဖြင့် (၄၂၁) ကြိမ်
ကျန်းမာရေးကူညီပေးခဲ့ပါသည်။

ငွေအားဖြင့်ကျပ် ၃၈,၅၅၀,၀၀၀—
(ကျပ်၃၈၅သိန်း၅သောင်း) ကူညီပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

Helping Seafarers All Over Myanmar

 

မြန်မာနိုင်ငံ၏သင်္ဘောသားလောကတွင် ယခုကဲ့သို့ MSF မှစည်းမျည်းစည်းကမ်းများ စနစ်တကျချမှတ်၍ ASHC လုပ်ငန်းကော်မတီဖွဲ့စည်းပြီး သက်ကြီးသင်္ဘောသားများ ကျန်းမာရေးအတွက် တတ်အားသရွေ့ ကူညီပေးနေသည့် လုပ်ဆောင်ချက်မျိုး ပေါ်ပေါက်လာခြင်းကြောင့် မြန်မာသင်္ဘောသားများအတွက် ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပါသည်။

Featured Foundation Sponsors

News & Updates

သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ(ASHC)

သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ(ASHC)

(၂၅/၆/၂၀၂၁) (Day of International Seafarers 2021) MSF အဖွဲ့ချုပ်ပိုင် အဆောက်အဦးဖွင့်ပွဲတွင် သက်ကြီးသင်္ဘောသား ကျန်းမာရေးလုပ်ငန်း ငွေပဒေသာပင် ထူထောင်နိုင်ရေးအတွက် အင်ဂျင်နီယာမှူးကြီး ဦးလှခိုင်နှင့် ကပ္ပတိန် ဦးအေးထွဋ် မိသားစုတို့မှ ငွေ (၁၄) သိန်းကျပ်...

(ASHC) ၏ရုံးခန်းနေရာအား ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း အများသိစေရန်

(ASHC) ၏ရုံးခန်းနေရာအား ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း အများသိစေရန်

သက်ကြီးသင်္ဘောသား ကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ(ASHC)၏ရုံးခန်းနေရာအား အမှတ်-၇၀(ပထမထပ်)၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန် သို့ ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း အများသိစေရန်...

သိလိုသည်များကိုစုံစမ်းရန်နှင့် အလှူငွေထည့်ဝင်လိုခြင်းများအတွက်

သိလိုသည်များကိုစုံစမ်းရန်နှင့် အလှူငွေထည့်ဝင်လိုခြင်းများအတွက်

သိလိုသည်များကိုစုံစမ်းရန်နှင့် အလှူငွေထည့်ဝင်လိုခြင်းများအတွက် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။1. U Pwint Thit (Capt) - 099651123252. U Latt Ko Ko (C/E) - 0950894983. U Zaw Myint (Capt) - 0950607484. ASHC office: Office hour only09-793796486...

Aged Seafarers Health Care Committee

 

No. 70/1st Floor, Yaykyaw Road, Pazundaung Township, Yangon, Myanmar.

Call Us: (959) 511-232-5

Call Us: (959) 793-796-486

info@ashcmm.com

Call Us: (959) 793-796-486

14 + 11 =

Copyright © 2023 Aged Seafarers Health Care Committee | Designed by RealHost Myanmar