အလှူရှင်မှ ကျောက်ကပ်ဝေဒနာသည်အား တိုက်ရိုက်လှူဒါန်းခြင်း************************************************ တစ်လ (၈) ကြိမ် ကျောက်ကပ်ဆေးနေရသော C.cookဦးညီညီ လွင် (CDC 83567)အားမြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့နေ Chief Officer ကိုဉာဏ်ဖြိုးနောင် + မနန်းစု မိသားစုမှ အလှူငွေကျပ် နှစ်သိန်းခွဲ တိတိ ကို တိုက်ရိုက်လှူဒါန်း လိုပါသဖြင့် အလှူရှင်များကိုယ်စား ASHC ကော်မတီ မှ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။အလှူရှင်နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC21th August 2025