မြန်မာနှစ်သစ်ကူး အလှူတော် အဖြစ် ကျန်းမာရေး မကောင်းသောကြောင့်အကူအညီလိုအပ်နေသော မြန်မာ သင်္ဘောသား (၁၆) ဦး အား သက်ကြီးသင်္ဘောသားကျန်းမာရေးလုပ်ငန်းကူညီမှု ကော်မတီ သို့ လှူဒါန်းကြသော အလှူရှင်များ၏ အလှူတော်ရန်ပုံငွေ များဖြင့်
သွားရောက်လှူဒါန်း ကြ သော ပုံရိပ်များအား အလှူရှင်များဝမ်းမြောက်စွာ
သာဓု ခေါ်ဆိုနိုင်ပါစေရန် တင်ပြအပ်ပါသည်ခင်ဗျာ။
အကူအညီလိုအပ်နေသော မြန်မာသင်္ဘောသား (၁၆) ဦးအား တစ်ဦး လျှင် တစ်သိန်းကျပ်နှုန်း ဖြင့် (၁၆) ဦးစာ သွားရောက်ကူညီ လှူဒါန်းခဲ့ပါသည်။
အသေးစိတ် အချက်အလက်များကို ပုံတစ်ပုံချင်းစီ ၏ Caption တွင် ဖော်ပြထားပါသည်။
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။![]()
![]()
![]()
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)