ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ Capt. U Aye Tut မိသားစုမှ ကွယ်လွန်သူဖခင်ကြီး အရှင် ဓမ္မဓါရ၏ နှစ် (၁၁၀) ပြည့်မွေးနေ့ (၁၅.၀၁.၁၉၁၆) ခုနှစ်ကို ရည်စူး၍ ရဟန်းဘောင်ရှိ သင်္ဘောသားဟောင်း ရဟန်းသံဃာများကို ဝတ္ထုငွေ ကိုးသိန်းကျပ်တိတိ(900,000/-) အား သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ – ASHC မှတစ်ဆင့် ကပ်လှူပေးရန် တောင်းဆိုမှုအား သွားရောက်ကပ်လှူ ပေးခဲ့ပါသော မှတ်တမ်းတင် ဓါတ်ပုံများအား တင်ပြအပ်ပါသည် ။
မိုးကုတ် အရိယာမဂ္ဂင်(ရန်ကုန်)ကျောင်း မြေဇင်းတောရအဆောင်ခွဲ(2) တွင် သီတင်းသုံးနေထိုင်လျက်ရှိသော
ဥူးသောဘန (လူအမည် ဦးသန်းလှိုင် E/O CDC-12853) သက်တော် ၇၁ နှစ်အား ၀တ္ထုငွေ သုံးသိန်းကျပ်
ဥူးစန္ဒိမာ ( လူအမည် ဦးစံတင် 2/O CDC-20261)
သက်တော် ၇၀ နှစ်အား ၀တ္ထုငွေ သုံးသိန်းကျပ်
ဥူး၀ိမလ ( လူအမည် ဦးရန်နိုင်စည်သူ C/O CDC-11474)
သက်တော် ၆၅ နှစ်အား ၀တ္ထုငွေ သုံးသိန်းကျပ်
စုစုပေါင်း ကိုးသိန်းကျပ်တိတိကို အလှူရှင်မိသားစု ကိုယ်စားကပ်လှူ ပေးခဲ့ပြီး ဖြစ်ပါသည်ခင်ဗျာ🙏🙏🙏
အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
ASHC
15th January 2026