Capt.U Tun Aung နှင့် Capt. U Maung Maung Sein တို့အား ထောက်ပံ့ငွေ တိုက်ရိုက်လှူဒါန်းမှုများကို ASHC အသင်းမှ တစ်ဆင့် သွားရောက်ကုသိုလ်ပြု အကျိုးဆောင်ပေးခြင်း


Capt.U Tun Aung နှင့် Capt. U Maung Maung Sein တို့ နှစ်ဦးလုံးသည် လေဖြတ်ထားပြီး ကျန်းမာရေးမကောင်း လမ်းမလျောက်နိုင်ပါသဖြင့် Capt. နှစ်ဦးလုံးအား

Capt. U Aye Tut+Daw Mya Mya Win မိသားစုမှ
ငွေကျပ် 1,250,000 /-( တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်တိတိ)စီ

U Ne Win “PANAMA SURVEYOR -BKK”
MT EMPRESS ဝန်ထမ်းဟောင်း မှ
ငွေကျပ် 1,025,000/- (တစ်ဆယ်သိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ)စီ

Capt. U Zaw Myint( BRIGHT ORIENT CO.,LTD.)မှ
ငွေကျပ် 300,000/- (ငွေကျပ် သုံးသိန်းတိတိ) စီ တို့အား
တိုက်ရိုက်​လှူဒါန်းမှုကို သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှု လုင်ငန်းကော်မတီမှ အဖွဲ့၀င် လူကြီးများမှ တစ်ဆင့်
သွားရောက်ကုသိုလ်ပြု အကျိုးဆောင်ပေးခဲ့ပါသည်ခင်ဗျာ
🙏🙏🙏

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏

ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

ASHC
21th October 2025