(၂၅/၆/၂၀၂၁) (Day of International Seafarers 2021) MSF အဖွဲ့ချုပ်ပိုင် အဆောက်အဦးဖွင့်ပွဲတွင် သက်ကြီးသင်္ဘောသား ကျန်းမာရေးလုပ်ငန်း ငွေပဒေသာပင် ထူထောင်နိုင်ရေးအတွက် အင်ဂျင်နီယာမှူးကြီး ဦးလှခိုင်နှင့် ကပ္ပတိန် ဦးအေးထွဋ် မိသားစုတို့မှ ငွေ (၁၄) သိန်းကျပ် လှူဒါန်းရန်စီစဉ်ခဲ့ပါသည်။

(၂၀/၀၉/၂၀၂၁) နေ့တွင် MSF EC အစည်းအဝေးဆုံးဖြတ်ချက်အရ ငွေပဒေသာပင် စီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်ဖွဲ့စည်းပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ ထို့ကြောင့် ယင်းကိစ္စကို Facebook Page တွင် တင်ပြကာ ဆက်သွယ်လာသော စိတ်ပါဝင်စားသူများ၏ အစည်းအဝေးကို Zoom Meeting ဖြင့် (၂၆/၀၉/၂၀၂၁)နေ့တွင် ပြုလုပ်ခဲ့ပြီး လွတ်လပ်စွာ ဆန္ဒခံယူ၍ ကော်မတီအား အဖွဲ့ဝင် (၇)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

(၂၈/၀၉/၂၀၂၁) MSF အစည်းအဝေးဆုံးဖြတ်ချက်အရ –

– ဤဖွဲ့စည်းမည့် ကော်မတီ၏ Management, Operation, Movement ငွေရေး၊ ကြေးရေးကိစ္စအဝဝကို မည်သည့်အဖွဲ့၏ လွှမ်းမိုးမှုမရှိစေရပဲ လွတ်လပ်စွာ ကော်မတီဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်စေရမည်ဟု သတ်မှတ်ခဲ့ပါသည်။

– MSF အဖွဲ့မှ ထည့်ဝင်ပေးလှုထားသော ငွေပဒေသာပင်များအား MSF မှ ပြန်လည်တောင်းခံခြင်း၊ ပြန်လည်ပတ်သတ်ဆက်နွယ်ခြင်းများ မပြုလုပ်ရဟု သတ်မှတ်ချက်အား အတည်ပြုချမှတ်ထားပါသည်။

ရည်မှန်းချက် – သင်္ဘောသား ကြီး/ငယ် မရွေး၊ အဆင့်အတန်းမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ယုံကြည်ချက် အရောင်အဆင်းမခွဲခြားပဲ မည့်သည့် Union အသင်းအဖွဲ့ဝင်ကိုမဆို ကျန်းမာရေးကြောင့် အကူအညီ လိုအပ်ပါက တတ်အားသရွေ့ (တတ်အားသရွေ့) ကူညီရန်။

(၀၈/၁၀/၂၀၂၁) MSF EC အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ ရေးဆွဲထားပြီးဖြစ်သော လုပ်ထုံးလုပ်နည်းမူကြမ်းများကို တင်ပြခဲ့ပါသည်။

လက်ရှိလုပ်ကိုင် အောင်မြင်လျက်ရှိသော ပရဟိတလုပ်ငန်းများကို လေ့လာ၍ ပြန်လည်သုံးသပ်ကာ လက်ရှိရေးဆွဲထားပြီးဖြစ်သော လုပ်ထုံးလုပ်နည်း (မူကြမ်း) များကို လက်ရှိခေတ်စနစ်နှင့်အညီ လိုက်လျောညီ‌ထွေအောင် (Revised)ပြန်လည် သုံးသပ်ပြင်ဆင် ရေးဆွဲပြီး MSF သို့ Rev No: 01 (03/11/2021) တွင် ပြန်လည်ပေးပို့တင်ပြခဲ့ပါသည်။

(26/10/2021) နေ့တွင် ASHC၏ ပထမဆုံးအကြိမ်ဖြင့် ကော်မတီဝင်များစု‌ပေါင်း၍ မိမိတို့၏ ကိုယ်ပိုင်စုပေါင်းငွေကြေးဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အရိုးနှင့် အကြော ခွဲစိတ်ကုသဆောင်တွင် ယာဉ်တိုက်မှုဖြင့် ဆေးကုသခံယူနေသော သင်္ဘောသား ကိုကျော်ကျော်ဦး (CDC-34329) အား ထောက်ပံ့ငွေ ကျပ် ၁၅၀,၀၀၀/- တိတိအား သွားရောက်ကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။

(29/10/2021) MSF ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါ၍ ရွှေဂုံတိုင် UAB Bank တွင် Endowment Fund + Fix Deposit အတွက် စုစုပေါင်း တစ်ရာ့တစ်ဆယ့်လေးသိန်း (၁၁,၄၀၀,၀၀၀/-)ကျပ် နှင့် Saving Account (၁၀,၀၀၀/-)ကျပ် စာရင်းဖွင့်လှစ်ခဲ့ပါသည်။ ယင်းဘဏ်စာရင်းထဲမှ ငွေပဒေသာပင်များကို ထုတ်ယူသုံးစွဲခြင်း မပြုလုပ်ခဲ့ပါ။

(02/11/2021) နေ့မှစတင်၍ သက်ကြီးသင်္ဘောသား ကျန်းမာရေးကူညီမှုလုပ်ငန်းသည် EC အဖွဲ့ဝင်များနှင့် အလှူရှင်များထံမှ လက်ခံရရှိသော အလှူငွေဖြင့် ကျန်းမာရေး ချို့တဲ့နေသော သင်္ဘောသားကြီးများအား စတင်ထောက်ပံ့ကြေးလှူဒါန်းခဲ့ပါသည်။

(၃၁.၀၃.၂၀၂၄) နေ့အထိ အလှူရှင်စုစုပေါင်း (၇၉၂) ယောက်၊ ထောက်ပံ့ကြေးပေးပြီးလှူဒါန်းခဲ့သော သက်ကြီးသင်္ဘောသား (၆၄၈ )ယောက်ရှိခဲ့ပါသည်။

ASHC ၏ လှုပ်ရှားမှုမှတ်တမ်း၊ အစည်းအဝေးမှတ်တမ်းနှင့် ငွေစာရင်းရှင်းတမ်းများကို (၃)လတစ်ကြိမ် MSF EC သို့ အစီရင်ခံတင်ပြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

ASHC မပေါ်ပေါက်ခင်ကာလ၊ 2021 ခုနှစ် အရှေ့ပိုင်းတွင် ယင်း ဒုက္ခရောက်နေသောသူများကို အကူအညီ ပေးနိုင်မှုများမရှိခဲ့ပဲ၊ စိတ်မကောင်းခြင်းကြီးစွာဖြင့်သာ လက်ပိုက်၊ သက်ပြင်းချ၊ အဝေးမှသာ ကြည့်ရှု နားထောင်၊ စုပ်သပ်နေရခြင်းအခြေအနေမှ၊ ယခုအခါ ယင်းဒုက္ခသည်ဝေဒနာရှင်များကို၊ အကူအညီ တတ်အားသရွေ့ ပံ့ပိုးပေး နိုင်ခဲ့ခြင်းမှာ၊ စနစ်သစ်တစ်ရပ်ကို အမျှော်အမြင် ရှိသော၊ ရေကြောင်းလောက ဦးဆောင်မှု ပုဂ္ဂိုလ် တချို.မှ မတည် အစပျိုးပေးခဲ့ခြင်း၊ စနစ်ဖြစ်မြောက်အောင် ဦးဆောင် ဦးရွက် စွမ်းစွမ်းတမံ အကောင်အထည်ဖော်ပေးမည့် ပရဟိတ လူသားများ ပေါ်ပေါက်လာခြင်း၊ စနစ်လည်ပတ်နိုင်ရန် ငွေအား၊ စိတ်ဓာတ် ရေးရာအား တို့ဖြင့် အဓိကပံ့ပိုးပေးသည့် အဖွဲ.အစည်း ကြီးများ၏ စေတနာ သဒ္ဓါ တရား၊ ကမ္ဘာ အရပ်ရပ်မှ အမြင်ကျယ် အမျှော်အမြင်ရှိသည့် လူသားများ ၊ အသင်းအဖွဲ.များ ၏ ပံ့ပိုးကူညီမှု၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိကြသော ၊ ညီငယ် သင်္ဘောသားများ၏ သဒ္ဓါတရား ထက်သန်သော စိတ်ဓာတ် ဖြင့် ဝိုင်းဝန်းပံ့ပိုးပေးမှုများ ပေါင်းစပ်မိ၍သာ ဤ ASHC အဖွဲ့ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

– လုပ်ပိုင်ခွင့်အာဏာရှိသော အာဏာပိုင်အဖွဲ့အစည်းမှ ဦးဆောင်၍ SRPS ကုမ္ပဏီများ၊ Unions များ၊ သဒ္ဓါထက်သန်သော အဖွဲ.အစည်းများ၊ လူပုဂ္ဂိုလ်များ ၊ ပရဟိတ အဖွဲ.များ ၊ သင်္ဘောသားညီနောင်များ စုပေါင်းဝန်းရံ ၍ သင်္ဘောသားများ၏ ရှေ့ရေး၊ အနာဂတ် ကျန်းမာရေး၊ အထောက်အကူပြုမည့် ၊ ခိုင်မာ အာမခံရှိ သည့် စနစ်သစ်တခု ပေါ်ပေါက်လာစေရေးအတွက်၊ ပူးပေါင်း လေ့လာ စူးစမ်း ရှာဖွေလျှင် မကြာခင်ကာလတစ်ခုအတွင်း အားလုံးမျှော်မှန်းထားသည့်စနစ်သစ်တစ်ခု ပေါ်ထွန်းလာမည်ဟု အကြွင်းမဲ့ ယုံကြည်မိကြောင်း တင်ပြအပ်ပါသည်။

  • ကျေးဇူး တင်ထိုက်သော သူအားလုံးကို ဂါရဝထား၍ အထူးကျေးဇူးတင်ရှိကြောင်း နှင့် ဆက်လက်ပြီး ပံ့ပိုးကူညီပေးကြပါ ရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

      (ASHC ဖြစ်မြောက်အောင် ကူညီပံ့ပိုးနေကြသူများ)

  • MSF (မြန်မာနိုင်ငံ သင်္ဘောသားအဖွဲ့ချုပ်)
  • Capt. ဦးဇော်မြင့် (Bright Orient Co., Ltd)
  • C/E ဦးလတ်ကိုကို (PMTC)
  • Capt. ဦးအောင်မြင်မိုး (၇၈ ကုသိုလ်ဖြစ် အကျိုးဆောင်အဖွဲ့)
  • မြောက်ဥက္ကလာ၊ (ဇ)ရပ်ကွက်၊ စေတနာလူမှုစောင့်ရှောက်ရေးအသင်း
  • ဦးသန်းထိုက်အောင် (ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း)
  • ကျန်းမာရေးကူညီစောင့်ရှောက်မှုအတွက် ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းလာသော အဖွဲ့အစည်း (Trident Medical Centre)
  • ရမ္မာဝတီတိပိဋက စက္ခုပါလအသင်း (၀၁.၀၁.၂၀၁၁ နေ့မှ စတင်ဖွဲ့စည်း)၏ အကျိုးတော်ဆာင် ဥက္ကဌ ဦးမြင့်လှိုင်

(မှတ်ချက် * ASHC နှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုသောအချက်အလက်များကို ASHC ရုံးခန်းတွင်လည်းကောင်း၊ ASHC Facebook Page Messenger တွင်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။)