ဤနေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ MSF Myanmar Seafarers Federation
Aged Seafarers Healthcare Committee
၂နှစ်မြောက် ASHC အဖွဲ့ကို ဂုဏ်ပြုပါတယ်။
=========================
သိရှိရသရွေ့ မြန်မာနိုင်ငံ၏သင်္ဘောသားလောကတွင် ယခုကဲ့သို့ MSF မှစည်းမျည်းစည်းကမ်းများစနစ်တကျချမှတ် ၍ ASHC လုပ်ငန်းကော်မီတီဖွဲ့စည်းပြီးသက်ကြီးသင်္ဘောသားများ ကျန်းမာရေးအတွက် စိစစ်၍ တတ်အားသရွေ့ ကူညီပေး နေသည့် လုပ်ဆောင်ချက်မျိုး ယခင်ကမရှိခဲ့ သဖြင့်မြန်မာသင်္ဘောသားများအတွက် ဝမ်းသာဂုဏ်ယူ ဘွယ်ဖြစ်ပါသည်။

ASHC ပေါ်ပေါက်လာသော ၂နှစ်တာ ကာလအတွင်း MSF အဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၁၀၀ နှင့် သိန်း ၂၀၀
စုစုပေါင်း ငွေကျပ်သိန်း ၃၀၀။
ယခုပွဲတွင် Founder & Chairman of MIP & Continental Shippine Lines Pte
ကက်ပတိန်ဦးကိုကိုထူး မှငွေကျပ်သိန်း ၁၀၀ တို့ကို ထာဝရငွေပဒေသာပင် Endowment Fund သို့
စိုက်ထူလှူဒါန်းပေးကြစသည့် ပြင် အခြားသောသင်္ဘော
ဝန်ထမ်းအသီးသီးနှင့်စေတနာရှင်များကလဲသဒ္ဒါထက်သန်စွာဖြင့်ဝိုင်းဝန်းကူညီလှူဒါန်းပေးနေကြသည်ကို ဝမ်းမြောက်ဖွယ်ရာမြင်တွေ့နေကြရပါ၏။
အချို့သောအလှူရှင်များအနေဖြင့် ထူးခြားစွာ (၁၀)ကြိမ်တိုင် အောင်စိတ်အားတက်ကြွစွာဖြင့်ထပ်တိုးပြီးကူညီ
လှူဒါန်းနေကြသည်ကိုလဲဝမ်းသာပီတိဖြစ်ဘွယ်ရာ
သိရှိကြရပါသည်။

ကျွန်တော်၏ အမှတ်ရဘွယ် ASHCသမိုင်းအကျဉ်းချုပ်
===========================
(၁) 2021 အတွင်းကပြုလုပ်ခဲ့သော IFOMS၏ Park Royal Hotel ITF Seminar ပွဲတက်ရောက်ခဲ့စဉ်
ကျွန်တော်က MMEA အတွေ့အကြုံများအရ MSF တွင်
သက်ကြီးသင်္ဘောသားများကျန်းမာရေးအတွက် ထာဝရငွေ
ပဒေသာပင်ထူထေါင်၍ တတ်အားသရွေ့ကူညီပေးကြရန် ကက်ပတိန်ဦးပွင့်သစ် နှင့်စတင်ဆွေးနွေးခဲ့ကြပါသည်။
(၂) ထိုနောက် MSF ဥက္ကဌကက်ပတိန်ဦးစိုးမင်းအောင် ကိုအကြံပြုခဲ့ရာ လက်ခံခဲ့ပါသည်။

(၃) 25 June 2021 Day of the Seafarer နေ့
MSF ဒေါပုံရုံးသစ်ဖွင့်ပွဲနေ့အခန်းအနားတွင် MMEA မှ လေ့လာရန်နမူနာစည်းမျဉ်းစာတမ်းများနှင့် ကျွန်တော်၏ ထာဝရငွေပဒေသာပင် လှူဒါန်းငွေကျပ် ၁၀သိန်းနှင့်
ဘန်ကေါက်မြို့နေကက်ပတိန်ဦးအေးထွတ် လှူဒါန်းငွေ
ကျပ် ၄သိန်း စုစုပေါင်း ၁၄သိန်းကို ကနဦးမတည်ငွေအဖြစ်
လှူဒါန်း၍သက်ကြီး သင်္ဘောသားကျန်းမာရေးထာဝရ
ငွေပဒေသာပင်ထိမ်းသိမ်းရေးအဖွဲ့ကို
ကက်ပတိန်ဦးပွင့်သစ်ဦးဆောင် ၍ဖွဲ့စည်းဆောင်ရွက်ရန်အဆိုပြုတင်ပြခဲ့ရာ အခန်းအနားတက်ရောက်သူ
အဖွဲ့ချုပ်ဝင်များက ထေါက်ခံခဲ့ကြပါသည်။
(၄)ကနဦးမတည်ငွေကျပ် ၁၄သိန်း၏ မြဝတီဘဏ်
ချက်လက်မှတ်ကို ကက်ပတိန်ဦးပွင့်အိမ်သို့သွားရောက်
ပေးအပ်ခဲ့ပါသည်

(၅) ယင်းနောက် ကက်ပတိန်ဦးပွင့်သစ် ဦးဆောင်၍ အဖွဲ့ဝင်၇ဦးဖွဲ့ဖြင့် စည်းပြီး ASHCအခြေခံစည်းမျည်းများကို အဖွဲ့ဝင်များနှင့်အတူဦးဇော်မြင့်သိန်း၏အကူအညီဖြင့်
ရေးဆွဲ၍ MSF EC အဖွဲ့သို့တင်ပြအတည်ပြုချက်ရယူပြီး ASHC အဖွဲ့ပေါ်ပေါက်ခဲ့၍ လုပ်ငန်းများစတင်ခဲ့ကြပါ၏
(၆) ကနဦးတွင်အဖွဲ့ဝင် (၇)ဦးဖြင့်စတင်ခဲ့ပြီးယခုအခါ
အောက်ပါအဖွဲ့ဝင် ၈ဦးဖြင့်ဖွဲ့စည်းထားကြပါသည်။
(1)Capt.U Pwint Thit (2)C/E U Latt Ko Ko
(3)Capt.U Zaw Myint (4)E/O U Than Naing
(5)Capt.U Soe Zin Tun(6) Bsn U Htein Win
(7)Bsn U Aung Aung(8)2/O U Ye KyawThu

(၇) ASHC(၂)နှစ်တာကာလအတွင်းစွမ်းဆောင်မှုများ။
ကျန်းမာရေးကူညီမှုအတွက် (၃၆၂) ဦးကိုကူညီပေးခဲ့ပါ၏
လိုအပ်သူများကိုထပ်တိုး၍ အကြိမ်အားဖြင့် (၄၂၁) ကြိမ်
ကျန်းမာရေးကူညီပေးခဲ့ပါသည်။

ငွေအားဖြင့်ကျပ် ၃၈,၅၅၀,၀၀၀—
(ကျပ်၃၈၅သိန်း၅သောင်း) ကူညီပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
သာဓု သာဓု သာဓုပါ။
MSF/ ASHC၏သက်ကြီးသင်္ဘောသားများကျန်းမာရေး
ကူညီပေးမှုလုပ်ငန်းများအောင်မြင်ပါစေ။