ASHC ရန်ပုံငွေ ပဥ္စမအကြိမ်ထည့်လှူခြင်း😊😊😊


သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နေ Capt. ဦးစိုးငြိမ်း(IMT.CD.11/1979)+ ဒေါ်ဥမ္မာလွင် မိသားစုမှ ယနေ့ကျရောက်သော Capt. ဦးစိုးငြိမ်း ၏မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလှူငွေကျပ် တစ်သိန်းတိတိ ကို ပဥ္စမအကြိမ်အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
🎉🎊🎉
(11.12.2021)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်၊
(26.08.2022)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
(26.08.2023)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
(26.08.2024)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
ယခု ပဥ္စမကြိမ် တစ်သိန်းကျပ်
စုစုပေါင်း ငါးသိန်းကျပ် တိတိကို ပါ၀င်လှူဒါန်းခဲ့ပြီးဖြစ်
ပါသည် ခင်ဗျာ။ 😊😊😊

မွေးနေ့အလှူရှင် Capt. ဦးစိုးငြိမ်းနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
💪💪💪

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ASHC
26th August 2025