ဦးဇင်း ဦးရေဝတ သက်တော် 78 ၊ ဝါတော် 15 ဝါ)( သင်္ဘောသားဟောင်းကြီး 2/E ဦးဝင်းမြင့် ၊ CDC.5444 ) သည် လေဖြတ်ထားပြီး နှလုံးသွေးကြောကျဥ်းရောဂါကိုခံစားနေရကာ ယခုအခါ နှလုံးခုန်နှေးနေပါသဖြင့် သံဃာဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရကြောင်း အကြောင်းကြားလာပါသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ်တစ်သိန်းကျပ် တိတိကို စတုတ္ထအကြိမ် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။ ( ၂၄.၀၁.၂၀၂၂) ရက်နေ့တွင်သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်ပထမအကြိမ် လှူဒါန်းငွေ တစ်သိန်းကျပ်၊(၀၅.၀၃.၂၀၂၂)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(05.07.2022) ရက်နေ့တွင်တတိယအကြိမ် ငါးသောင်းကျပ် ယခု ( 08.09.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်၊ စုစုပေါင်း သုံးသိန်းငါးသောင်း ကျပ်တိတိကို ကူညီဆက်ကပ်ပေးလှူပြီးဖြစ်ပါတယ်ခင်ဗျာ။. 🙏🙏🙏အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ASHC10th September 2025
