ASHC မှ ပဥ္စမအကြိမ် ထောက်ပံ့လှူဒါန်းခြင်း🙏*******************************************ဇေ ယျမဏ္ဍိုင် ကျောင်း၊အမှတ်-၁ ဝိုင်း၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော ယခင်က အဆုတ်မကောင်း၍ ဆေးကုသနေရပြီး၊ယခုအခါအသည်း၌ဒဏ်ရာပေါ်၍ စစ်ဆေးကုသနေရသူသင်္ဘောသားဟောင်းကြီး 2/O ဉူးဝိမလ@ဦးရန်နိုင်စည်သူ (CDC-11474) အသက် ၆၅ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်နှစ်သိန်း တိတိကို သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊 (03.03.2023)ရက်နေ့တွင် ပထမအကြမ် တစ်သိန်းကျပ်(10.11.2023)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(26.03.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ် (19.05.2025) ရက်နေ့တွင် စတုတ္ထအကြိမ် နှစ်သိန်းကျပ်ယခု (10.09.2025) ရက်နေ့တွင် ပဥ္စမအကြိမ် နှစ်သိန်းကျပ်စုစုပေါင်း ခုနစ်သိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 🙏🙏🙏အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏 ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪 ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC17th September 2025