ASHC ရန်ပုံငွေ စတုတ္ထအကြိမ် ထည့်လှူခြင်း ************************************သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ကျောက်မြောင်း တာမွေမြို့နယ်၊ ရန်ကုန်မြို့နေ Chief Cook ဦးအုန်းမြိုင် (CDC-10080) မိသားစုမှ အလှူငွေကျပ် တစ်သိန်းတိတိ ကို စတုတ္ထအကြိမ် အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ 🎊🎉😊(21.12.2022)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(22.09.2023)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(25.09.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်ယခု(22.09.2025)ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်စုစုပေါင်း လေးသိန်းကျပ်တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊🎊🎉အလှုရှင် ဦးအုန်းမြိုင် နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။😊😊😊 အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ASHC22th September 2025
