မျက်စိတစ်ဖက်ကွယ်ပြီး ဒူးနာဝေဒနာခံစားနေရသောC/O ဦးမိုးကြွယ်အားသက်ကြီးသင်္ဘောသားကျန်းမာကူညီရေးအသင်းမှ တစ်သိန်းကျပ် ကပ္ပတိန်ဦးဇော်မြင့်( သက်ကြီးသင်္ဘောသားကျန်းမာကူညီရေးအဖွဲ့၏ ဘဏ္ဍာရေးမှူး)မှလည်း ငွေကျပ်နှစ်သိန်း တိုက်ရိုက်လှူဒါန်းပေးခဲ့ပါသည်။ အလှူရှင်များနှင့်မိသားစုဝင်များအနေဖြင့်ဤကဲ့သို့ နာမကျန်းဖြစ်နေသူအား ကူညီထောက်ပံ့လှူဒါန်းကြရသော အကျိုးအားကြောင့် သက်ရှည် ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေဒီထက်မက လှူဒါန်းနိုင်ကြပါစေပေး၍မကုန်လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ အမြဲထာဝရ လန်းဆန်းနိုင်ကြပါစေရန် ASHC အသင်းကြီးမှဆုတောင်းမေတ္တာပို့သအပ်ပါသည် ခင်ဗျာASHC 23th September 2025
