ASHC ရန်ပုံငွေ စတုတ္ထအကြိမ် ထည့်လှူခြင်း😊😊😊************************************သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့နေ 1/E ဦးစိုး၀င်း (CDC-9745)(Instructor PMTC) + ဒေါ်သန်းသန်းနွဲ့ တို့၏ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် တစ်သိန်းကျပ်တိတိ ကို စတုတ္ထအကြိမ်အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ 🎉🎊🎉(21.09.2022)ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်(27.09.2023)ရက်နေ့တွင် ဒုတိယအကြိမ် ငါးသောင်းကျပ်(27.09.2024)ရက်နေ့တွင် တတိယအကြမ် ငါးသောင်းကျပ် ယခု စတုတ္ထအကြိမ် တစ်သိန်းကျပ်စုစုပေါင်းနှစ်သိန်းငါးသောင်းကျပ် တိတိကိုပါ၀င်လှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ 😊🎊🎉မွေးနေ့အလှုရှင် ဦးစိုး၀င်း ၊ ဒေါ်သန်းသန်းနွဲ့ နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC25th September 2025

