ASHC ရန်ပုံငွေ စတုတ္ထအကြိမ် ထည့်လှူခြင်း😊😊😊
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကင်းမြို့နယ်နေ ဇနီး ဒေါ်ကေသီမြင့်၊ သား မောင်နိုင်ကိုထက်၊ သား မောင်ကောင်းမင်းစံ မိသားစု မှဖခင်ကြီး Capt. ဦးဥာဏ်ရှိန် (IMT.CD.11/1979)ကွယ်လွန်ခြင်း (၁၅) နှစ်ပြည့်အား ရည်စူး၍ အလှူငွေ နှစ်သိန်း ကျပ်တိတိ ကို စတုတ္ထအကြိမ် အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
(12.10.2022)ရက်နေ့တွင် ပထမအကြိမ် နှစ်သိန်းကျပ်
(12.10.2023)ရက်နေ့တွင် ဒုတိယအကြိမ် နှစ်သိန်းကျပ်
(12.11.2024)ရက်နေ့တွင် တတိယအကြိမ် နှစ်သိန်းကျပ်
ယခု စတုတ္ထအကြိမ် နှစ်သိန်းကျပ်
စုစုပေါင်း ရှစ်သိန်းကျပ် တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊
လွန်ခဲ့သော ( ၁၅)နှစ်က ဘဝတပါးသို့ ကူးပြောင်းခဲ့သောဖခင်ကြီး( Capt:ဥာဏ်ရှိန် ) မြင့်မြတ်ရာဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေ။🙏🙏🙏
အလှူရှင်နှင့် မိသားစုဝင်များအနေဖြင့်လည်း သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀ငျရောကျကွည့ျရှုနိုငျပါတယျခငျဗြာ။
ASHC
12th October 2025


