ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ Capt. U Aye Tut ၏ ဇနီး ဒေါ်မြမြ၀င်း (Mrs. Tammy Aye Tut) ၏
ယနေ့ 16.10.2025 နေ့တွင် ကျရောက်သော
မွေးနေ့အတွက် နှစ်ဖက်သောမိဘများကို ရည်စူး၍ သင်္ဘောသားဟောင်း ရဟန်းသံဃာများကို ဝတ္ထုငွေ
တစ်ဆယ်သိန်းကျပ်တိတိအား
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ
မှတစ်ဆင့် ကပ်လှူပေးရန် တောင်းဆိုမှုအား သွားရောက်ကပ်လှူ ပေးခဲ့ပါသော မှတ်တမ်းတင် ဓါတ်ပုံများအား တင်ပြအပ်ပါသည် ။

ဧရာ၀တီတိုင်း ကျောင်းကုန်းမြို့တွင် သီတင်းသုံးလျက်ရှိသော
သက်တော် ၈၈နှစ် ရှိ ဘုန်းဘုန်း အရှင်ဥာဏိဿရ(လူအမည် ဦးစိန်၀င်း) အား ၀တ်ထုငှေ နှစ်သိန်းကျပ်

ဥူး၀ိစိတ်တ ( လူအမည် ဦးလှ၀င်း A/B CDC-16756)သက်တော် ၇၃နှစ် အား ၀တ်ထုငှေ နှစ်သိန်းကျပ်

ဥူးစန္ဒိမာ ( လူအမည် ဦးစံတင် 2/O CDC-20261)
သက်တော် ၇၀ နှစ်အား ၀တ်ထုငှေ နှစ်သိန်းကျပ်

ဥူး၀ိမလ ( လူအမည် ဦးရန်နိုင်စည်သူ C/O CDC-11474)
သက်တော် ၆၅ နှစ်အား ၀တ်ထုငှေ နှစ်သိန်းကျပ်

ဥူးဝေပုလ္လ ( လူအမည် ဦး၀င်းထိန် BSN CDC-26683)
သက်တော် ၅၇ နှစ်အား ၀တ်ထုငှေ နှစ်သိန်းကျပ်

စုစုပေါင်း ဆယ်သိန်းကျပ်တိတိကို မွေးနေ့အလှူရှင်ကိုယ်စားကပ်လှူ ပေးခဲ့ပြီး ဖြစ်ပါသည်ခင်ဗျာ🙏🙏🙏

အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။

ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀ငျရောကျကွညျ့ရှုနိုငျပါတယျခငျဗြာ

ASHC
16th October 2025