အမှတ်-၂၉၊ ‌၇ လမ်း၊ ပုသိမ်ညွှန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နေ ဆီးချို၊ သွေးတိုး ကျောက်ကပ်နှင့် အဆစ်မြစ်ရောင်ရောဂါ ခံစားနေရပြီး ဆေးကုသနေရသော သင်္ဘောသားဟောင်းကြီး No.1 Oiler ဦးစိန်ဝင်း( CDC.32440)အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို တတိယအကြိမ် သွားရောက် လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
😊😊😊

(02.02.2022)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်
(15.03.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
ယခု (12.10.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်

စုစုပေါင်း သုံးသိန်းကျပ် တိတိကို သွားရောက်ကူညီလှုဒါန်းပြီး ဖြစ်ပါသည် ခင်ဗျာ 🎊🎉😊

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
💪💪💪

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇

ရုံးခန်းလိပ်စာ – အမှတ်-49၊ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org
တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

ASHC
22th October 2025