ASHC ရန်ပုံငွေ ထည့်လှူခြင်း *************************မိခင်ကြီးဒေါ်သိန်းနု (မေမြို့) ကွယ်လွန်ခြင်း (၃၈) နှစ်ပြည့်အား ရည်စူး၍ သားသုံးယောက် ဖြစ်ကြသောဦးတင်ထွန်းအောင်(CDC-3901) Ex Bosun, LA, USAဦးညွန့်ဝင်းမောင်(CDC-3902) Ex Bosun, YGN, MMဦးသက်တင် (CDC-10761) Ex C/E SINGAPORE တို့မှအလှူငွေကျပ် ၂ဝဝ,ဝဝဝ/- (နှစ်သိန်းကျပ် တိတိ) ကိုသက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ – ASHC ရန်ပုံငွေ အတွက် ထည့်ဝင်လှူ ဒါန်းသွားပါတယ်ခင်ဗျာ🙏🙏🙏လွန်ခဲ့သော ( ၃၈ )နှစ်က ဘဝတပါးသို့ ကူးပြောင်းခဲ့သောမိခင်ကြီး( ဒေါ်သိန်းနု ) မြင့်မြတ်ရာဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေ။🙏🙏🙏အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့်လည်း သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC27th October 2025