သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရံပုံငွေအတွက် MV FRANCESCO မှ Oiler Kyaw Zin Htet ၏ 2026 နှစ်သစ်ကူး နှစ်ဦးကုသိုလ်အဖြစ် အလှုငွေကျပ် တစ်သိန်းကျပ်တိတိ (၁၀၀,၀၀၀/-) ကို ပါ၀င်လှူဒါန်းသွားပါသည် ခင်ဗျာ။ 🎊🎉
မင်္ဂလာရှိသော နှစ်သစ်ကူးရက်မြတ်လေးဖြစ်ပါစေ ခင်ဗျာ
အလှူရှင်မိသားစု သည်လည်းနှစ်သစ်ကူးမှစ၍ လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့ပြီး စီးပွားလာဘ်လာဘများလည်း ပိုမိုတိုးပွားပါစေခင်ဗျာ🙏🙏🙏🙏
အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ASHC
01st January 2026