ရန်ကုန်မြို့နေ C/E ဦး၀င်းတင် မှ သည်းခြေကျောက်တည် အသဲရောင်အသားဝါနှင့် လေတခြမ်းဖြတ်ထား၍ ယခုအခါ အသဲတစ်ခြမ်းဖြတ်ထုတ်ထားရပြီး ခါးရိုးထိကာ ဆေးကုသနေရသော သင်္ဘောသားဟောင်းကြီး Fitter ဦးမြင့်ဆွေ (ခ) ဆည်းဆာ (CDC-19882)အား ကျပ်သုံးသိန်းကျပ် တိတိ နှင့် ခန္ဓာကိုယ် ဘယ်တစ်ခြမ်း လေဖြတ်ထားပြီး မျက်စိခွဲရန်လိုအပ်နေသော E/O ဦးတင်ဝင်း( CDC.9847) အား ကျပ်နှစ်သိန်းကျပ် တိတိ စုစုပေါင်း ငါးသိန်းကျပ်တိတိကို သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ-ASHC မှတစ်ဆင့် ကူညီထောက်ပံ့ခဲ့ပါသည်။

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏

ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-49 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)

Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

ASHC
23rd January 2026