ချင်းတွင်းလမ်း၊ ရွှေပြည်သာ(၆) ရပ်ကွက်နေ Capt.ဦးအောင်သောင်း သည် လေဖြတ်ရောဂါဖြင့် အင်းစိန်မြို့နယ်၊ ကွေဂပေါ ဆေးရုံတွင် အရေးပေါ် (၆) ရက်ကြာ ဆေးရုံတတ်ခဲ့ရပါသည်။ ယခုအခါ ဆေး၀ါးစရိတ်နှင့် ဆေးရုံဆက်တတ်ရန် ကုသစရိတ်ခက်ခဲနေပါသဖြင့် သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ- ASHC မှ အလှူငွေကျပ် သုံးသိန်းတိတိ (၃၀၀,၀၀၀/-) အား ကူညီထောက်ပံ့ခဲ့ပါသည်။
တိုက်ရိုက်လှူဒါန်းလိုသူများရှိပါကလည်း (phone 09- 450592807)သို့ဆက်သွယ်မေးမြန်းကိုယ်တိုင်လှူဒါန်းနိုင်ပါသည်။
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-49 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ASHC
12th January 2026