နှလုံးသွေးကြောပေါက်ခါနီး အခြေအနေ
ကြောင့်ဆေးရုံ ICU တွင် အရေးပေါ်အခြေအနေဖြင့်ကုသနေရသော
Capt. ဦးအောင်မော် ( CDC.32069) အား
Capt. ဆန်းထူးမောင်မိသားစု မှ
အလှူငွေ နှစ်သိန်းကျပ် တိုက်ရိုက်လှူဒါန်းလိုသဖြင့်
သက်ကြီးသင်္ဘောသားကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီ (ASHC) အဖွဲ့မှ အလှူရှင်မိသားစုကိုယ်စား သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည်။
အလှူရှင် Capt.ဆန်းထူးမောင်နှင့်မိသားစုဝင်များအနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ASHC
30th April 2025
* မှတ်ချက် * လူနာ၏ အရေးပေါ်အခြေအနေကိုထောက်ရှုသောအားဖြင့် လူနာ၏မှတ်တမ်းဓာတ်ပုံအား ထပ်မံ မဖော်ပြတော့ခြင်းဖြစ်ပါသည်ခင်ဗျာ*
