ASHC မှ စတုတ္ထအကြိမ် သွားရောက်လှူဒါန်းခြင်း🙏


အမှတ်-၄၊ ထန်းပင်ကုန်းလမ်းမကြီး၊ ထန်းပင်ကုန်းရပ်ကွက်၊သန်လျင်မြို့နယ်၊ ရန်ကုန်တွင် နေထိုင်သော
လေ (၂) ခါ ဖြတ်ထားသဖြင့်ကောင်းစွာမထနိုင်၊ လမ်းမလျှောက်နိုင်ပဲ ယခုလက်ရှိ ဦး‌ နှောက်နှင့်အာရုံ ကြောရောဂါများကိုဆေးကုသနေရသော A.B ဦးတင်ထွန်း (CDC-26471) အသက် ၇၀ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို စတုတ္ထအကြိမ် သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊😊
(08.12.2023)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်
(28.05.2024) ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
25.03.2025 ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
ယခု စတုတ္ထအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း လေးသိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်သည် ခင်ဗျာ 🎉🎉🎊
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)

ASHC
6th May 2025

Don No.03/May/2025