ASHC မှဆဌမအကြိမ် မြောက်သွားရောက်လှူဒါန်းခြင်း🙏**********************************************အမှတ်-၁၄၅၊ သန္တာ (၁၂)လမ်း၊ (င) ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်နေ ခါးဆစ်ရိုးအကြောညှပ်ပြီးလမ်းေကာင်းစွာမလျှောက်နိုင်သော သင်္ဘောသားဟောင်းကြီး BSN ဦး စံမြင့် CDC-3750 အသက် (၇၆)နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ်တစ်သိန်းတိတိကို ဆဌမအကြိမ် သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊(21.11.2021)ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်(21.10.2022) ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(15.06.2023) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(23.11.2023) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်(14.01.2025) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်ယခု ဆဌမ အကြိမ်တစ်သိန်းကျပ် စုစုပေါင်း ငါးသိန်းငါးသောင်းကျပ် တိတိကို သွားရောက်ကူညီလှုဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ။ 😊😊😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)ASHC09th May 2025Don No. 09/May/2025