ASHC သတ္တမအကြိမ်မြောက် ရန်ပုံငွေထည့်လှူခြင်း *******************************************သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် သာကေတမြို့နယ်၊ ရန်ကုန်မြို့နေ ဦးနေမျိုးလှိုင် (CDC- 51105)+ ဒေါ်ယုဇနမြင့် တို့မှ ယနေ့ကျရောက်သော သားလေး မောင်မြင့်သူရထွန်း ၏ (၁၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလှူငွေကျပ် သုံးသိန်း တိတိ ကိုသတ္တမအကြိမ် ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ 🎊🎉(06.11.2021) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(27.12.2022) ရက်နေ့တွင် ဒုတိယအကြိမ် သုံးသိန်းကျပ်(09.05.2023) ရက်နေ့တွင် တတိယအကြိမ် သုံးသိန်းကျပ်(27.12.2023) ရက်နေ့တွင် စတုတ္ထအကြိမ် နှစ်သိန်းကျပ်(09.05.2024) ရက်နေ့တွင် ပဉ္စမအကြိမ် သုံးသိန်းကျပ်(27.12.2024) ရက်နေ့တွင် ဆဌမအကြိမ် နှစ်သိန်းကျပ်ယခု သတ္တမအကြိမ် သုံးသိန်းကျပ်စုစုပေါင်း တစ်ဆယ့်ခုနစ်သိန်းကျပ် တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ🎊🎉🎊. Happy Birthday ပါ သားလေး မောင်မြင့်သူရထွန်းရေ🎂🎉🎊. သား လေး မွေးနေ့မှစပြီး ဘဝတစ်လျောက်လုံးပျော်ရွှင်ခြင်းတွေပဲပိုင်ဆိုင်နိုင်ပါစေအသက်ရာကျော်ရှည်ပါစေပညာတတ်ကြီးဖြစ်ပြီး မိဘအပေါ်လိမ္မာသိတတ်သော သားကောင်းရတနာလေးဖြစ်ပါစေ ကြောင်း ASHC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏မွေးနေ့ရှင် သားလေး မောင်မြင့်သူရထွန်း နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏 အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ASHC09th May 2025


