သက်ကြီးသင်္ဘောသားကျန်းမာကူညီရေး
အသင်းမှ တဆင့်
လေဖြတ် သတိမရ အိပ်ယာထဲ လဲနေ
သော သက်ကြီးသင်္ဘောသား
ကပ္ပတိန် ဦးထွန်းအောင်အား
ဘန်ကောက်မြို့နေ ကပ္ပတိန်ဦးအေးထွဋ်
တိုက်ရိုက်ပေးပို့ လှူဒါန်းငွေ
ဆယ်သိန်းကျပ် အား
အလှူရှင် ကိုယ်စား
သွားရောက် ပေးလှူခဲ့ပါသည်။
ရန်ကုန်မြို့နေ ကပ္ပတိန်ဦးဇော်မြင့်
သက်ကြီးသင်္ဘောသားကျန်းမာကူညီရေးအဖွဲ့ခေါင်းဆောင်
မှလည်း ငွေကျပ်ငါးသိန်း တိုက်ရိုက်
လှူဒါန်းပေးခဲ့ပါသည်။
ဤကဲ့သို့ နာမကျန်းဖြစ်နေသူအား
မိတ်ဆွေရင်းများဖြစ်ကြသော
ကပ္ပတိန်နှစ်ဦးမှ ကူညီထောက်ပံ့လှူဒါန်း
ကြရသော အကျိုးအားကြောင့်
သက်ရှည် ကျန်းမာ
စိတ်ချမ်းသာ လိုရာဆန္ဒများပြည့်ဝ
ကြပါစေ
ဒီထက်မက လှူဒါန်းနှိုင်ကြပါစေ
သူဠေးကြီး လေးဦးကဲ့သို့
ပေး၍မကုန်
လှူ၍မခမ်း
ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်းနိုင်ကြပါစေ
လို့
ASHC အသင်းကြီးမှ
ဆုတောင်းပေးပါတယ်။