လေဖြတ်လူနာအားASHC မှ ပဉ္စမအကြိမ် သွား‌ရောက်လှူဒါန်းခြင်း***************************************အမှတ်-၃/၁၁၅၊ သော်က လမ်း၊ ၂၂ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော ၂ကြိမ် လေဖြတ်ထားပြီး အိပ်ယာထဲမှမထနိုင်၊ ဘယ်ဘက်တစ်ခြမ်း ခြေလက် လှုပ်မရသော သင်္ဘောသားဟောင်းကြီး Cook ဦးသိန်းထွန်း (CDC-7560) အသက် ၇၅ နှစ် အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေကျပ် တစ်သိန်းတိတိကို ပဉ္စမအကြိမ် သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည် ခင်ဗျာ။ 😊😊(12.08.2024)ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(27.09.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(16.12.2024)ရက်နေ့တွင်တတိယအကြိမ်တစ်သိန်းကျပ်(18.03.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ် ယခု (15.05.2025) ရက်နေ့တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ် စုစုပေါင်း ငါးသိန်းကျပ် တိတိကို သွားရောက်ကူညီလှုဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ 😊🎉🎊အလှုရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC15th May 2025DON No. 13 /May/2025