အသည်းကင်ဆာ ဝေဒ နာသည်အား ဒုတိယအကြိမ်လှူဒါန်းခြင်း🙏***********************************************ဝါဝါ၀င်းအိမ်ယာ၊ အနောက်ရန်ကင်းမြို့နယ် နေ အသည်းကင်ဆာဝေဒနာခံစားရင်း ဆေးကုသနေရသော သင်္ဘောသားဟောင်းကြီး 3.E ဦးတင်မောင်အေး ( CDC.14916) အသက် ၇၂ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ အလှူငွေ ကျပ် တစ်သိန်းတိတိကို ဒုတိယအကြိမ်သွားရောက် လှူဒါန်းခဲ့ပါသည်။ 😊😊😊22.04.2025 ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်ယခု (16.05.2025) ရက်နေ့တွင် ဒုတိယအကြိမ်တစ်သိန်းကျပ်စုစုပေါင်း နှစ်သိန်းကျပ်တိတိကို သွားရောက်လှူဒါန်းပြီး ဖြစ်ပါ သည်ခင်ဗျာ 🙏🙏🙏အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ASHC16th May 2025Don 0015/May/2025
