ASHC ရန်ပုံငွေထည့်လှူခြင်း 🙏🙏🙏


ASHC တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဝန်ထမ်းဟောင်းဖြစ်သူ ယခု အခါဂျပန်နိုင်ငံသို့ ရောက်ရှိနေသူ မသဲစုထွေး(Japan) မှ ASHC အသင်းသို့ ရန်ပုံငွေ လှူ ဒါန်း လိုပါသဖြင့် အလှူရှင် ကိုယ်စား မိဘများမှ လာရောက်လှူ ဒါန်းပေးသွားပါတယ်ခင်ဗျာ🙏🙏🙏

သမီးလေး မသဲစုထွေးရပ်ဝေးမြေခြားမှာ
အစစအရာရာအဆင်ပြေပါစေ
လုပ်ငန်းကိုင်ငန်းများလည်း ဒီထပ်မက တိုးတက်ကောင်းမွန်ပြီး
အလှူရေစက်လက်နဲ့မကွာ လှူတန်းနိုင်ပါစေကြောင်း ASHC အဖွဲ့သားများမှဆုတောင်း မေတ္တာ
ပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏

အလှူရှင် မိသားစု၀င်များ၊ တပည့်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သောလိုအင်ဆန္ဒတွေနဲ့ ပြည့်စုံကြပါစေ။ ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။

🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org ၀ငျရောကျကွညျ့ရှုနိုငျပါတယျခငျဗြာ

ASHC

13th June 2025
0093/June/2025