ASHC ရန်ပုံငွေ စတုတ္ထအကြိမ် ထည့်လှူခြင်း😊😊😊


သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် တောင်ဥက္ကလာပမြို့နယ်နေ ဦးမိုးဦး 1/ E ( CDC-10279) + ဒေါ်ကြည်ကြည်သောင်း မိသားစုမှ ကျေးဇူးရှင် မွေးသမိခင် ဒေါ်ခင်အိ ကွယ်လွန်ခြင်း (၉)နှစ်ပြည့်အတွက် ရည်စူးအလှူအဖြစ် အလှူငွေကျပ် တစ်သိန်းကျပ်တိတိကို စတုတ္ထအကြိမ် ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။

(19.10.2021) ရက်တွင် ပထမအကြိမ် တစ်သိန်းကျပ်
(18.06.2023) ရက်တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
(18.06.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
ယခု (18.06.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း လေးသိန်းကျပ် တိတိကို ထည့်ဝင်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်အိ
နှင့်တစ်ကွအလှူရှင် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ 🙏🙏🙏

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀ငျရောကျကွညျ့ရှုနိုငျပါတယျခငျဗြာ

ASHC
18th June 2025