ဆီးချိုရောဂါကြောင့် အရေးပေါ် ခြေထောက်ဖြတ်ရမည့် ဝေဒ နာ ရှင်အား သွားရောက်လှူဒါန်းခြင်း


ဆီးချိုကြောင့် မျက်စိနှစ်ဖက်ကွယ်ပြီး
ကျောက်ကပ်ဆေးနေရသော
သက်ကြီးသင်္ဘောသားဟောင်းကြီး
C.Cook ဦးသိန်းလွင် ခေါ် ဦးပေါက်စီ (CDC-32574)သည်ဆီးချိုကြောင့် ခြေထောက်တစ်ဖက် အရေးပေါ်ဖြတ်ရန် ငွေကြေးအကူအညီ တောင်းခံလာသဖြင့် ASHC မှ အလှူရှင်များကိုယ်စား သွားရောက်လှူ ဒါန်းပေးခဲ့ပါသည်ခင်ဗျာ

ASHC ကော်မတီမှ အလှူငွေ နှစ်သိန်းကျပ်
အဖွဲ့ခေါင်းဆောင် Capt.ဦးပွင့်သစ် မိသားစုမှ အလှူငွေ တစ်သိန်းကျပ်
ASHC အဖွဲ့ဝင် ဦးအောင်အောင် မိသားစုမှ အလှူငွေငါးသောင်းကျပ်
BSN ကိုဇော်မင်းသိန်း မိသားစုမှ အလှူငွေငါးသောင်းကျပ်
စုစုပေါင်း လေးသိန်းကျပ်တိတိကို သွားရောက် လှူဒါန်းပေးခဲ့ပါသည်ခင်ဗျာ

တိုက်ရိုက်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်
လိပ်စာ ဖုန်းများ တောင်းခံနိုင်ပါသည်ခင်ဗျာ

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀ငျရောကျကွည့ျရှုနိုငျပါတယျခငျဗြာ။

ASHC
18th June 2025