အမှတ်၅၊  ပုဇွန်တောင် ဥယျာဉ်အိမ်ရာ၊ ရန်ကုန်တွင်နေထိုင်သော  သင်္ဘောသားဟောင်းကြီး BSN  ဦးမြင့်ကျော် (CDC-6992) အသက် ၇၆နှစ်သည် ဆီးကျောက်တည်ကုသနေရပြီး ငွေကြေးအကူအညီလိုအပ်နေပါဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ  အလှူငွေ ကျပ်တစ်သိန်း တိတိကို စတုတ္ထအကြိမ်  သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။  😊😊

(13.10.2022) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်
(09.02.2023) ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်နှင့်
(10.08.2023) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
ယခု (07.06.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း လေးသိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းခဲ့ပြီးဖြစ်ပါသည် ခင်ဗျာ 😊

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏

ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။

ASHC
24th June 2025