အမှတ်-၂၇၊ ကာယ ၁၀ လမ်း၊ ကာယ ရပ်ကွက်၊ သင်္ဃန်းကျွန်းကြီးရပ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော သင်္ဘောသားဟောင်းကြီး Fitter ဦးဟန်၀င်းအောင် (CDC-7824) အသက် ၇၃ နှစ် သည်ယခင်က ခါးရိုးကျီးပေါင်းတက်ခြင်း၊ ခါးကြောညပ်၍ လမ်းကောင်းစွာမလျှောက်နိုင်ခြင်းများကိုဆေးကုသနေရသူဖြစ်ပြီး ယခုအခါ ချော်လဲ၍ တင်ပဆုံရိုးကျိုးသောကြောင့် ခွဲစိတ်ကုသခံနေရသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူရှင်များကိုယ်စား အလှူငွေကျပ် တစ်သိန်းတိတိကိူ သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည် ခင်ဗျာ။ 😊😊(17.06.2024) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်ယခု (07.06.2025) ရက်နေ့တွင် ဒုတိယအကြိမ်တစ်သိန်းကျပ် စုစုပေါင်း နှစ်သိန်းကျပ်တိတိကို သွားရောက်ကူညီထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါသည်ခင်ဗျာအလှုရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်ခင်ဗျာASHC26th June 2025*မှတ်ချက်* ယခုပုံမှာ ပထမအကြိမ်သွားရောက်လှူဒါန်းစဥ်က ပုံ ဖြစ်ပါသည်။ယခု ဒုတိယအကြိမ်သွားရောက်လှူဒါန်းစဥ်တွင်လူနာမှာ ခွဲစိတ်ခန်းဝင်နေရပါသဖြင့် ဓာတ်ပုံမရိုက်ယူ ခဲ့ ရကြောင်းလေးစားစွာ တင်ပြအပ်ပါသည်ခင်ဗျာ
