ASHC ပင်မရန်ပုံငွေ ထာ၀ရငွေပဒေသာပင် ပဉ္စမအကြိမ်ထည့်လှူခြင်း😊😊😊
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ထာ၀ရငွေပဒေသာပင်အတွက် ရန်ကင်းမြို့နယ်နေ MMEA မြန်မာနိုင်ငံ ရေကြောင်းအင်ဂျင်နီယာအသင်း နာယကအဖွဲ့၀င် ဦးလှခိုင် နှင့် (ဇနီး) ဒေါ်ခင်မေစိမ်း မိသားစုမှ အသင်း၏ ထာ၀ရငွေပဒေသာပင်အတွက် (25.06.2024)ရက်နေ့တွင် ကျရောက်သော သင်္ဘောသားများနေ့ (Day of the Seafarers) အတွက် အလှူငွေကျပ် တစ်သိန်းတိတိကို ပဉ္စမအကြိမ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
အသင်း၏ ထာ၀ရငွေပဒေသာပင်အတွက်
(20.10.2021) တွင် ပထမအကြိမ် ဆယ်သိန်းကျပ်၊
(25.06.2022) တွင် ဒုတိယအကြိမ် နှစ်သိန်းကျပ်၊
(25.06.2023) တွင် တတိယအကြိမ် သုံးသိန်းကျပ်၊
(26.06.2024) တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
ယခု(26.06.2025) တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျပ်တိတိကို ပါ၀င်လှုဒါန်းခဲ့ပါသည် ခင်ဗျာ။
အလှုရှင် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀ငျရောကျကွည့ျရှုနိုငျပါတယျခငျဗြာ။
ASHC
26th June 2025
