ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့နေ သင်္ဘောသားဟောင်းကြီး BSN ဦးအောင်မင်း (CDC-29820) အသက် 60 နှစ် သည်
မျက်စိ အတွင်းတိမ်စွဲကုသနေရပြီး သဲခြေကျောက်ထုတ်ရန်ဆေးရုံတတ်ခွဲစိတ်ကုသရန်လိုအပ်ပါသဖြင့် သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူရှင်များကိုယ်စား
အလှူငွေကျပ် တစ်သိန်းတိတိကို (07.06.2025) တွင်သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည် ခင်ဗျာ။ 😊😊
အလှုရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
ASHC
27th June 2025
DON No. 10/June/2025
