သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့နေ Ko Saw Ku La မိသားစုမှ အလှူငွေ ကျပ်သုံးသိန်း တိတိကို နှစ်သစ်ကူးအလှူတော် အဖြစ် ဒုတိယအကြိမ် ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
🎉🎊🎉
(09.12.2025) ရက်နေ့တွင် ပထမအကြိမ် သုံးသိန်းကျပ်
ယခု (01.01.2026) ရက်နေ့တွင် ဒုတိယအကြိမ် သုံးသိန်းကျပ်
စုစုပေါင်း ခြောက်သိန်းကျပ်တိတိကို ပါ၀င် လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ🙏🙏🙏
အလှူရှင်နှင့်တကွ မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
💪💪💪
ဆက်သွယ်လှူဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇
ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

ASHC
01st January 2026