BSN ဦးဟန်ယဥ် (CDC-3634) အသက် 77 နှစ်၊ အိမ်အမှတ် (၁) မြသီရိ ၂ လမ်း၊ ၃၀ ရပ်ကွက်၊ မြောက်ဒဂုံ နေသူသည် Sky Line, Tomoe shipping, Hup Chun shipping Co: Raffles shipping သင်္ဘောများပေါ်တွင်လုပ်ကိုင်ခဲ့ပါသည်။ ယခုအခါအဆုတ်အအေးမိရောဂါ နှင့် နှလုံးသွေးကြောကျဉ်း ရောဂါ ကြောင့်ဆေးရုံတက်နေရသောကြောင့် ကိုရွေမိုး ( Korea) မှ နှစ်သစ်မင်္ဂလာအလှူအဖြစ် တိုက်ရိုက်လှူဒါန်းထားသော ငွေကျပ် ငါးသိန်း (500,000/-) အနက်မှ ကျပ်ငွေနှစ်သိန်း တိတိ (200,000/- MMK) ကို သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီမှတစ်ဆင့် အကျိုးဆောင်၍ကူညီလှူဒါန်းခဲ့ပါသည်။ ☺☺☺
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်- ၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
ASHC
03rd January 2026