ဒေါပုံမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ အောင်သုခလမ်း နေ ကျောက်ကပ်မကောင်းသဖြင့် တစ်လလျှင် ၈ ကြိမ်ကျောက်ကပ်ဆေးနေရ၊ အသဲခြောက်၊ ရေဖျင်းစွဲဝေဒနာခံစားနေရပြီး ဆေးကုရန်ငွေကြေးခက်ခဲနေသဖြင့် အဖွဲ့ကို အကူညီတောင်းခံလာသော သင်္ဘောသားဟောင်း Ch/cook ဦးညီညီလွင် ( CDC.83567 )အား ကိုရွှေမိုး (Korea) လှူဒါန်းထားသော အလှူငွေကျပ် ငါးသိန်း (500,000/-) အနက်မှ အလှူငွေနှစ်သိန်းကျပ် တိတိကို သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ – ASHC မှ အကျိုးဆောင်၍ (၃၆)ကြိမ်မြောက် အလှူဒါနအဖြစ် သွားရောက် ကူညီလှူဒါန်းပေးခဲ့ပါသည်။
2021 ခုနှစ်တွင် (၁)ကြိမ် တစ်သိန်းကျပ်၊
2022 ခုနှစ်တွင် စုစုပေါင်း (၅)ကြိမ် ငါးသိန်းကျပ်
2023 ခုနှစ်တွင် စုစုပေါင်း (၈)ကြိမ် ကိုးသိန်းကျပ်
2024 ခုနှစ်တွင် စုစုပေါင်း (၉)ကြိမ် ကိုးသိန်းကျပ်
(01.01.2025)ရက်နေ့တွင် (၂၄)ကြိမ်မြောက် တစ်သိန်းကျပ်
(07.02.2025) ရက်နေ့တွင် (၂၅)ကြိမ်မြောက် နှစ်သိန်းကျပ်
(04.03.2025) ရက်နေ့တွင် (၂၆)ကြိမ်မြောက် တစ်သိန်းကျပ်
( 13.04.2025) ရက်နေ့တွင် (၂၇)ကြိမ်မြောက် တစ်သိန်းကျပ်
(09.05.2025) ရက်နေ့တွင်(၂၈) ကြိမ်မြောက် တစ်သိန်းကျပ်
(07.06.2025) ရက်နေ့တွင် ( ၂၉) ကြိမ် မြောက် တစ်သိန်းကျပ်
(09.07.2025) ရက်နေ့တွင် ( ၃၀) ကြိမ် မြောက် တစ်သိန်းကျပ်
(17.08.2025) ရက်နေ့တွင် ( ၃၁) ကြိမ် မြောက် တစ်သိန်းကျပ်
(07.09.2025) ရက်နေ့တွင် ( ၃၂) ကြိမ် မြောက် နှစ်သိန်းကျပ်
(12.10.2025) ရက်နေ့တွင် (၃၃) ကြိမ်မြောက် နှစ်သိန်းကျပ်
(21.11.2025) ရက်နေ့တွင် (၃၄)ကြိမ်မြောက် နှစ်သိန်းကျပ်
(29.12.2025) ရက်နေ့တွင် (၃၅) ကြိမ်မြောက် နှစ်သိန်းကျပ်
ယခု (03.01.2026) ရက်နေ့တွင် (၃၆)ကြိမ်မြောက် နှစ်သိန်းကျပ်

စုစုပေါင်း လေးဆယ့်သုံးသိန်းကျပ် တိတိကို သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။😊😊😊

အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

ASHC
16th January 2026