သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်နေ လွန်ခဲ့သော ( ၁၁ )နှစ် (၃)လက ကွယ်လွန်သွားခဲ့သော (သား) ကိုသူရိန်ကျော်မြင့် (East Wind Cadet ) အား ရည်စူး၍ မိဘဖြစ်သူ Reefer Engineer ဦးကျော်မြင့် (CDC-12543) Former East Wind + ဒေါ်၀င်းမာ မိသားစုမှ အလှူငွေ တစ်သိန်းကျပ်တိတိ ကို (၁၉)ကြိမ်မြောက် အလှူဒါနအ ဖြစ် ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။🙏🙏🙏

အလှူရှင် ဦးကျော်မြင့်+ဒေါ်ဝင်းမာ မိသားစုများအနေဖြင့်
2024ခုနှစ်တွင် ငါး ကြိမ် လှူဒါန်းခဲ့ပြီး လှူဒါန်းငွေစုစုပေါင်း ငါးသိန်းကျပ်
(07.01.2025) ရက်နေ့တွင် ဆဋ္ဌမအကြိမ် တစ်သိန်းကျပ်
(07.02.2025) ရက်နေ့တွင် သတ္တမအကြိမ် တစ်သိန်းကျပ်
(07.03.2025) ရက်နေ့တွင် အဌမအကြိမ် တစ်သိန်းကျပ်
(07.04.2025) ရက်နေ့တွင် နဝမအကြိမ် တစ်သိန်းကျပ်
(07.05.2025) ရက်နေ့တွင် ဆယ်ကြိမ်မြောက်တစ်သိန်းကျပ်
(01.06.2025) ရက်နေ့တွင် (၁၁) ကြိမ်မြောက်တစ်သိန်းကျပ်
(07.06.2025) ရက်နေ့တွင် (၁၂) ကြိမ်မြောက်တစ်သိန်းကျပ်
(07.07.2025) ရက်နေ့တွင် (၁၃) ကြိမ်မြောက် တစ်သိန်းကျပ်၊
(07.08.2025) ရက်နေ့တွင် (၁၄) ကြိမ်မြောက် တစ်သိန်းကျပ်၊
(07.09.2025) ရက်နေ့တွင် (၁၅) ကြိမ်မြောက် တစ်သိန်းကျပ်၊
(07.10.2025) ရက်နေ့တွင် (၁၆) ကြိမ်မြောက် တစ်သိန်းကျပ်
(07.11.2025) ရက်နေ့တွင် (၁၇) ကြိမ်မြောက် တစ်သိန်းကျပ်
(07.12.2025) ရက်နေ့တွင် (၁၈) ကြိမ်မြောက် တစ်သိန်းကျပ်
ယခု (07.01.2025) ရက်နေ့တွင် (၁၉) ကြိမ်မြောက် တစ်သိန်းကျပ်
စုစုပေါင်း တစ်ဆယ့်ကိုးသိန်းကျပ် တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 🙏🙏🙏

လွန်ခဲ့သော ( ၁၁ )နှစ်(၃) လ က ကွယ်လွန်သွားသူ (သား) ကိုသူရိန်ကျော်မြင့် နှင့် တကွ အလှူရှင်မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏

အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။

ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-၄၉ ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

ASHC
07th January 2026