ASHC ရန်ပုံငွေ ထည့်လှူခြင်း
*********************************************
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့နေ ကိုပိုင်
(Master Mariner) ၏ ယနေ့ကျရောက်သောမွေးနေ့အလှူတော် အဖြစ် အလှူငွေ တစ်သိန်းကျပ်တိတိကို ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
Happy Birthday ပါ ကိုပိုင် ခင်ဗျာ
.
ယနေ့ကျရောက်သော မွေးနေ့မှစပြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာဖြင့်
ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ပါစေရန် ASHC မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
ASHC
08th May 2025
0075/May/2025
