ASHC ရန်ပုံငွေ ထည့်လှူခြင်း🙏🙏🙏************************************ကွယ်လွန်သူ 3E ဦးဝင်းနိုင် (CDC-15136) (၂) နှစ်ပြည့်အား ရည်စူး၍ ကျန်ရစ်သူမိသားစုဒေါ်နီလာဝင်း၊ သား မောင်စန်းလင်းထွန်း+သမီး မေသဇင်နိုင်| သား မောင်စစ်နိုင်မိသားစုမှသက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် အလှူငွေ တစ်ဆယ်သိန်းကျပ် တိတိကိုထည့်ဝင်လှူဒါန်းခဲ့ပါသည်။ယနေ့ သည် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ ၂၀၂၅( Day of The Seafarers-2025) နှင့် တိုက်ဆိုင်မှုအတွက်လည်း အမှတ်တရ အနေဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ခင်ဗျာယခုလှူဒါန်းမှုအား ကွယ်လွန်သူဦးဝင်းနိုင်သည် ကောင်းရာဘုံဘဝမှ သာဓုအနုမောဓနာခေါ်ဆိုနိုင်ပါစေခင်ဗျာ🙏🙏🙏အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC25th June 2025