
ASHC ဆဌမအကြိမ် ရန်ပုံငွေထည့်လှူခြင်း😊😊😊
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့နေ
ASHCကော်မတီ၏ အဖွဲ့၀င်တစ်ဦးဖြစ်သူ
C/E ဦးလတ်ကိုကို (Principal of Prosperity Marine Training Centre) ယနေ့ကျရောက်သောမွေးနေ့အလှူအဖြစ် အသင်းရန်ပုံငွေအတွက် အလှူငွေကျပ် တစ်သိန်းတိတိ ကို ဆဌမအကြိမ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။
(20.10.2021) တွင် ပထမအကြိမ် နှစ်သိန်းကျပ် ၊
(06.12.2021) တွင် ဒုတိယအကြိမ် သုံးသိန်းကျပ်
(29.06.2022) တွင် တတိယအကြိမ် တစ်သိန်းကျပ်
(29.06.2023) တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
(29.06.2024) တွင် ပဉ္စမအကြိမ် တစ်သိန်းကျပ်
ယခု (29.06.2025) တွင် ဆဌမ အကြိမ်တစ်သိန်းကျပ်
စုစုပေါင်း ကိုးသိန်းကျပ် တိတိကို ထည့်ဝင်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ယနေ့ကျရောက်သော မွေးနေ့အအလှူရှင် C/E ဦးလတ်ကိုကို နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀ငျရောကျကွညျ့ရှုနိုငျပါတယျခငျဗြာ
ASHC
29th June 2025
