ASHC ရန်ပုံငွေ တတိယအကြိမ် ထည့်လှူခြင်း😊😊😊************************************သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့နေ ASHC ၏ EC အဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးခင်မောင်လွင် @ Marine Ko Nge (CDC-19070) ၏ (၆၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် အလှူငွေကျပ် တစ်သိန်းကျပ်တိတိ ကို တတိယအကြိမ် ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။(25.09.2023) ရက်နေ့တွင် ပထမအကြိမ် တစ်သိန်းကျပ်(11.08.2024) ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်ယခု (11.08.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ် စုစုပေါင်း သုံးသိန်းကျပ် တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 😊အလှူရှင်နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာASHC11th August 2025
