သွေးအလှူလိုသောလူနာများအတွက် ASHC သို့ရန်ပုံငွေ ထည့်လှူခြင်း![]()
![]()
![]()
*******************************************
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ဘန်ကောက်တွင် နေထိုင်သော Capt. ဦးအေးထွဋ် နှင့် ဇနီး ဒေါ်မြမြ၀င်း (Tammy) မိသားစုမှ သွေးအလှူလိုသော လူနာများ( သွေးသွင်းလူနာ) များအတွက်
အလှူငွေကျပ် တစ်ဆယ်သိန်းတိတိကို ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ ![]()
![]()
![]()
Capt. ဦးအေးထွဋ်နှင့်မိသားစုဝင်များအနေဖြင့်
(20.10.2021) တွင် ပထမအကြိမ် လေးသိန်းကျပ်၊
(07.02.2022) တွင် ဒုတိယအကြိမ် လေးသိန်းကျပ်
(06.09.2022) တွင် တတိယအကြိမ် လေးသိန်းကျပ်
(13.09.2022) တွင် စတုတ္ထအကြိမ် လေးသိန်းကျပ်
(28.11.2024) တွင် ပဉ္စမအကြိမ် လေးသိန်းငါးသောင်းကျပ်
(08.04.2025) တွင် ဆဌမအကြိမ် တစ်ဆယ်သိန်းကျပ်
ယခု သတ္တမအကြိမ် တစ်ဆယ်သိန်းကျပ်
စုစုပေါင်း သိန်းသုံးဆယ်နှင့် ငါးသောင်း ကျပ် တိတိကို သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီသို့ ထည့်၀င်လှုဒါန်းခဲ့ပြီးဖြစ်ပါသည်။![]()
အလှုရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
ASHC
01st May 2025
0067/May/2025
