ASHC စတုတ္ထအကြိမ် ရန်ပုံငွေထည့်လှူခြင်း😊😊😊************************************သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့နေ ကွယ်လွန်သူ (ဖခင်) ဦးဇေယျကိုနှင့် (မိခင်) ဒေါ်မြမြသန်း အားရည်စူး၍ ကျန်ရစ်သူ သား C/Oကိုဖြိုးဖြိုးမင်းထွန်း – မယဉ်လဲ့၀င်း၊ မြေး မဖြိုးမြမှုးကို မိသားစုမှ အလှူငွေကျပ် နှစ်သိန်းကျပ်တိတိ ကို စတုတ္ထအကြိမ် အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ (16.08.2022)ရက်နေ့တွင် ပထအကြိမ် တစ်သိန်းကျပ်(26.08.2022)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ် (18.08.2023)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်ယခု (26.09.2025)ရက်နေ့တွင် စတုတ္ထအကြိမ် နှစ်သိန်းကျပ်စုစုပေါင်း ငါးသိန်းကျပ် တိတိကို ထည့်၀င်လှူဒါန်းပြီး ဖြစ်ပါပြီ ခင်ဗျာ 😊😊😊အလှူရှင်နှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။ASHC26th September 2025
