ASHC ရန်ပုံငွေ ပဥ္စမအကြိမ် ထည့်လှူခြင်း 😊😊😊*****************************************Passenger ခရီးသည်သင်္ဘော ပေါ်တွင်တာဝန်ထမ်းဆောင်လျက်ရှိသော CDC No. 118326 ကိုင်ဆောင်ထား သော အင်းစိန် မြို.နယ်နေ သမီးငယ် မကေခိုင်လင်း(ခ)ကဲပိုမှ အလှူငွေ ကျပ် တစ်သိန်း တိတိကို ပဥ္စမအကြိမ် ထပ်မံပါဝင် လှူဒါန်း သွားပါတယ်ခင်ဗျာ။🎉🎉🎉ယခုအခါ ရေကြောင်းဦးစီးမှ ထုတ်ပေးသော ခိုင်မာသည်. အသက်မွေးဝမ်း ကြောင်းကျွမ်းကျင်လက်မှတ်များ၊ CDC စာအုပ်များလက်ဝယ်ထား၍ လုပ်ကိုင်လာကြကြောင်းကိုသိရသဖြင်.၊ အမျိုးသမီး ကြီး/ငယ် ထု ကိုယ်စားဝမ်းမြောက်မိပါသည်။ အမျိုးသမီး များသည်လည်း၊ ယောကျာ်း လေးများနှင်.တန်းတူ ရင်ဘောင်တန်းကာ ကမ္ဘာပတ်သည်. သင်္ဘောလုပ်ငန်းများကိုလုပ်ကိုင်နိုင်လာကြခြင်း သည်လည်း၊ နိုင်ငံ အတွင်းရှိ အမျိုးသမီးငယ်ထုအား ရှေ.ဆောင် လမ်းပြမျက်စိဖွင့်ပေးခြင်းတရပ်ဟု မြင်မိပါသည်။ကျွန်တော်တို. မမွေးခင်ကာလကတည်းက ခေတ်ရေစီးကြောင်းကို ကြိုတင် တွေးမြင်ပြီး သီချင်းရေးခဲ.ဘူးသော ရိုသေအပ်သော သီချင်းရေးဆရာကြီး ဆရာ့ကြီး မြို.မငြိမ်း ရေးသားခဲ.သည်. ‘ လူချွန်လူကောင်း ‘ သီချင်းတွင် ကမ္ဘာ့ ရေကြောင်း သင်္ဘောမောင်းနှင်……..လူချွန်လူကောင်းများတို. ပေါင်းစုအားတွင်…..သန်မြန်ယောကျ်ား ဘသားပင် ” အထဲတွင် ယခုသမီးတို. တတွေလဲ အပါအဝင်ဖြစ်လာပါပြီဟု……..ကမ္ဘာ အရပ်ရပ်၊ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သမီးငယ်များအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။မကေခိုင်လင်း (ခ) မကဲပို အနေဖြင့်(01.09.2023)ရက်နေ့တွင်ပထမအကြိမ် တစ်သိန်းကျပ်(07.03.2024)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်(20.11.2024)ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်(07.03.2025) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်ယခု(28.09.2025) ရက်နေ့တွင်ပဥ္စမအကြိမ် တစ်သိန်းကျပ်စုစုပေါင်း ငါးသိန်းကျပ်တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 🎉🎊😊အလှူရှင်နှင့် မိသားစုဝင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ ကပ်ကြီးသုံးပါးမှလည်း လွတ်ကင်းကျော်လွားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထပ်မကလည်း ပိုမိုလှူဒါန်းနိုင်ကြပါစေ။ 🙏🙏🙏ASHC28th September 2025
