ASHC ရန်ပုံငွေ တတိယအကြိမ် ထည့်လှူခြင်း😊😊😊


သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီ ရန်ပုံငွေအတွက် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နေ ဦး၀င်းလှိုင်(CDC-29536) + ဒေါ်မြင့်မြင့်စိန် မိသားစုမှ အလှူငွေကျပ် ငါးသောင်းတိတိ ကို တတိယအကြိမ် အလှူ ဒါနအဖြစ်ပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။

(08.07.2022) ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်
08.07.2022) ရက်နေ့တွင် ဒုတိယအကြိမ် ငါးသောင်းကျပ်
ယခု တတိယအကြိမ် ငါးသောင်းကျပ်
စုစုပေါင်း တစ်သိန်းငါးသောင်းကျပ် တိတိကို ပါ၀င်လှူဒါန်းပြီးဖြစ်ပါသည်ခင်ဗျာ 😊

အလှူရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
အလှူရှင်များ ပေးပို့လာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူအညီလိုအပ်နေသောသင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိအောင် ASHC မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးလျှက်ရှိပါသည်။
ရှေ့ဆက်လည်းအစွမ်းကုန်ကြိုးစားပေးကြပါမည်။

ASHC
13th October 2025