Oxygen Concentrator လှူဒါန်းမှုအားလက်ခံခြင်း😊😊😊
သက်ကြီးသင်္ဘောသားကျန်းမာရေးကူညီမှုလုပ်ငန်းကော်မတီသို့ ရန်ကုန်မြို့တွင်နေထိုင်သော Capt ဦးလွင်ဦးမောင်+ ဇနီးဒေါ်သိင်္ဂီဦး၊ သမီး မအေးသီရိဦးမောင် မိသားစုတို့မှ လိုအပ်
သည့်နေရာများတွင် အသုံးပြုကူညီနိုင်ရန်အတွက် Oxygen Concentrator တစ်လုံးပါဝင်လှူဒါန်းသွားပါတယ် ခင်ဗျာ။ 🎉🎊🎉
ယခုလိုလှူဒါန်းရသောအကျိုးကျေးဇူးကြောင့် ကျန်းမာရေးသုခနှင့်အထူးပြည့်စုံပါစေ။ အလှုရှင်များနှင့် မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စီးပွားရေးလုပ်ငန်းများလည်း ဒီထက်မက တိုးတက်ကြီးပွားပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ဆက်သွယ်လှူဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် 👇
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
📞09793796486 (Office)
📞095112325 (Hotline)
Website page ဖြစ်တဲ့ https://ashcmm.org တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ASHC
18th October 2025

