ASHC မှ စတုတ္ထအကြိမ် ထောက်ပံ့လှူဒါန်းခြင်း🙏
*******************************************
ဇေ ယျမဏ္ဍိုင် ကျောင်း၊အမှတ်-၁ ဝိုင်း၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တွင်နေထိုင်သော
ယခင်က အဆုတ်မကောင်း၍ ဆေးကုသနေရပြီး၊
ယခုအခါအသည်း၌ဒဏ်ရာပေါ်၍ စစ်ဆေးကုသနေရသူသင်္ဘောသားဟောင်းကြီး 2/O ဉူးဝိမလ@ဦးရန်နိုင်စည်သူ (CDC-11474) အသက် ၆၅ နှစ်အား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှုလုပ်ငန်းကော်မတီမှ အလှူငွေ ကျပ်တစ်သိန်း တိတိကို သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။ 😊😊
(03.03.2023)ရက်နေ့တွင် ပထမအကြမ် တစ်သိန်းကျပ်
(10.11.2023)ရက်နေ့တွင် ဒုတိယအကြိမ် တစ်သိန်းကျပ်
(26.03.2025) ရက်နေ့တွင် တတိယအကြိမ် တစ်သိန်းကျပ်
ယခု (19.05.2025) ရက်နေ့တွင် စတုတ္ထအကြိမ် နှစ်သိန်းကျပ်
စုစုပေါင်း ငါးသိန်းကျပ် တိတိကို သွားရောက်ကူညီလှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ 🙏🙏🙏
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။💪💪💪
ASHC
19th May 2025