ASHC မှ ပဉ္စမအကြိမ် သွားရောက်လှူဒါန်းခြင်း🙏
E/O ဦးတင်ဝင်း( CDC.9847) အသက် 75 နှစ် အိမ်အမှတ် ၉၊ ၆ လွှာ၊ ၁၄၆လမ်း၊ ကျောက်မြောင်း၊တာမွေမြို့နယ် နေသူသည် Burma five star shipping line, Sky line နှင့် East Wind shipping Co: Ltd များတွင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။
ယခုအခါ ခန္ဓာကိုယ်ဘယ်ဖက် လေတခြမ်း ဖြတ်၊ မျက်စိတိမ်ခွဲရန်အတွက် ASHCမှ ကျပ်ငွေတစ်သိန်း တိတိ (100,000 MMK) ကူညီထောက်ပံ့ခဲ့ပါသည်ခင်ဗျာ။
တိုက်ရိုက်လှူဒါန်းလိုသူများရှိပါကလည်း (phone 09-798458353 or 09-976340597) များသို့ဆက်သွယ်မေးမြန်းကိုယ်တိုင်လှူတန်းနိုင်ပါသည်။
သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ ဦးတင်၀င်းအား
(10.11.2021) ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်၊
(18.01.2022) ရက်နေ့တွင် ဒုတိယအကြိမ် ငါးသောင်းကျပ်
(01.08.2022) ရက်နေ့တွင် တတိယအကြိမ် ငါးသောင်းကျပ်
(08.03.2024) ရက်နေ့တွင် စတုတ္ထအကြိမ် တစ်သိန်းကျပ်
ယခု ပဉ္စမအကြိမ် တစ်သိန်းကျပ်
စုစုပေါင်း သုံးသိန်းငါးသောင်းကျပ် တိတိကို သွားရောက်ကူညီ လှူဒါန်းပြီးဖြစ်ပါသည် ခင်ဗျာ🙏😊
အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။
ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည်
ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် –
09793796486 (Office)
095112325 (Hotline)
Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀ငျရောကျကွည့ျရှုနိုငျပါတယျခငျဗြာ။
ASHC
23th May 2025
Don No.0020/May/2025