မင်္ဂလာနှစ်ပတ်လည် အလှူ အဖြစ် တိုက်ရိုက်လှူဒါန်းခြင်း🙏🙏🙏***************************************** East Wind Shipping တွင်လုပ်ကိုင်ခဲ့ဖူးသော သင်္ဘောသားဟောင်းကြီး E/O ဦးတင်ဝင်း( CDC.9847) အသက် ၇၅ နှစ် သည်146 လမ်း၊ ကျောက်မြောင်း တာမွေမြို့နယ်တွင်နေထိုင်သူ ဖြစ်ပါသည်။ ခန္ဓာကိုယ် ဘယ်ဘက် လေတခြမ်းဖြတ် ထားပြီးလမ်းမလျှောက်နိုင်ပါ။ယခုအခါမျက်စိတိမ်ခွဲရန်အတွက်ရန်ကုန်မြို့ဗဟန်းမြို့နယ်နေ ဦးကျော်မြင့် (CDC-12543) Reefer Engineer (Former East Wind) + ဒေါ်၀င်းမာ တို့မှ အလှူငွေကျပ် တစ်သိန်းတိတိကို (56)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ်တိုက်ရိုက်လှူဒါန်းသဖြင့် အလှူရှင်ကိုယ်စား သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ 😊😊😊အလှူရှင် ဦးကျော်မြင့်တို့ အနေဖြင့်ဦးတင်ဝင်းသို့တိုက်ရိုက်လှူဒါန်းခြင်း မှာ ယခု အခါနှစ်ကြိမ်မြောက် ဖြစ်ပါတယ် ခင်ဗျာ(07.09.2024)ရက်နေ့တွင် ပထမအကြိမ်နှစ်သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့ဖူးပါသည်သက်ကြီး သင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်း ကော်မတီမှလည်း ဦးတင်၀င်းအား(10.11.2021) ရက်နေ့တွင် ပထမအကြိမ် ငါးသောင်းကျပ်၊(18.01.2022) ရက်နေ့တွင် ဒုတိယအကြိမ် ငါးသောင်းကျပ်(01.08.2022) ရက်နေ့တွင် တတိယအကြိမ် ငါးသောင်းကျပ်(08.03.2024) ရက်နေ့တွင် စတုတ္ထအကြမ် တစ်သိန်းကျပ် (15.05.2025) ရက်နေ့တွင် ပဉ်စမအကွိမျတဈသိနျးကပြျစုစုပေါင်း သုံးသိန်းငါးသောင်းကျပ် တိတိကို သွားရောက်ကူညီ လှူဒါန်းပြီးခဲ့ပါသည် ခင်ဗျာ🙏😊အလှူရှင်များ အနေဖြင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပြီး ကပ်ကြီး သုံးပါးမှ လွှတ်ကင်းနိုင်ကြပါစေ။ ဒီထက်မကလဲ ပိုမိုလှူဒါန်းနိုင်ကြပါစေ။🙏🙏🙏ညီနောင်အပေါင်းတို့ ပေးလှူလာသော အလှူတော်ဒါနများကို လက်ရှိကျန်းမာရေးအတွက် အထူးအကူညီလိုအပ်နေသော သင်္ဘောသားကြီး/ငယ် များလက်ဝယ်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိအောင် သက်ကြီး ကျန်းမာရေးကူညီမှု လုပ်ငန်းကော်မတီမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးလျှက်ရှိပါသည်။ ရှေ့ဆက်လဲ အစွမ်းကုန် ကြိုးစားပေးကြပါမည်။ဆက်သွယ်လှုဒါန်းလို၍ဖြစ်စေ၊ အကူညီတောင်းခံလို၍ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသည် ရုံးခန်းလိပ်စာ – အမှတ်-70 ပထမထပ်၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ဖုန်းနံပါတ် – 09793796486 (Office)095112325 (Hotline)Website page ဖြစ်တဲ့ www.ashcmm.org တွင်လည်း ၀ငျရောကျကွညျ့ရှုနိုငျပါတယျခငျဗြာ

ASHC01st June 2025Don No. 0026/May/2025